Database Marketing
(အချက်အလက် အခြေခံ ဈေးကွက်ဖွင့်ခြင်း)
Marketing Professor PHILIP KOLTER
Marketing insights from A to Z ?
#ဘာသာပြန်ဆရာညီညီနိုင် ✍?
အပိုင်း - ၁
စားသုံးသူဆက်ဆံရေး စီမံခန့်ခွဲမှု Customer Relationship Management (CRM) ရဲ့ အသည်းညှာက အချက်အလက် အခြေခံတဲ့ ဈေးကွက်ဖွင့်လှစ် ဖော်ဆောင်မှုပဲဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုအနေနဲ့ စားသုံးသူဖောက်သည်တွေ၊ ၀န်ထမ်းတွေ၊ ထုတ်ကုန်တွေ၊ ၀န်ဆောင်မှုတွေ၊ ကုန်ကြမ်းသွင်းသူတွေ၊ ဖြန့်ချီသူတွေ၊ အရောင်းကိုယ်စားလှယ်တွေ၊ လက်လီဆိုင်တွေစသဖြင့် သီးခြားအခြေခံအချက်တွေ တစ်ခုချင်းကို ဖွံ့ဖြိုးအောင်လုပ်ဖို့လိုပါတယ်။
ဖောက်သည်တွေအတွက် ထုတ်လုပ်မှုတွေဖွံ့ဖြိုးအောင်လုပ်ပေးဖို့ အချက်အလက်ရှာဖွေရတာတော့ အခက်အခဲသိပ်ရှိမှာမဟုတ်ပါဘူး။
ဖောက်သည်တွေရဲ့ အခြေခံအချက်ကို တည်ဆောက်ရာမှာ ဘယ်လိုသတင်းမျိုးတွေနဲ့စုဆောင်းရမယ်ဆိုတာ ဆုံးဖြတ်ရပါလိမ့်မယ်။
?အရေးကြီးဆုံးရယူရမဲ့ သတင်းကတော့ ၀ယ်သူတစ်ဦးချင်းရဲ့ ၀ယ်ယူမှုသမိုင်းစဉ်ပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ကာလတွေက ဖောက်သည်တစ်ယောက် ဘာတွေကို ၀ယ်ခဲ့တယ်ဆိုတာ သိလိုက်တာဟာ နောက်တစ်ကျော့မှာ ဘာတွေ၀ယ်ဖို့ စိတ်၀င်စားမလဲဆိုတာတွေကို သဲလွန်စရစေပါတယ်။
?၀ယ်သူတစ်ဦးချင်းရဲ့ အိမ်ထောင်စုလူဦးရေနဲ့ ပတ်သက်တဲ့ (သန်းခေါင်းစာရင်း) သတင်းတွေစုဆောင်းတာကလည်း အကျိုးရရှိနိုင်ပါတယ်။ သုံးစွဲသူတွေအပိုင်းမှာ အသက်၊ ပညာအရည်အချင်း၊ ၀င်ငွေ၊ မိသာစုလူဦးရေနဲ့ တစ်ခြား ဂုဏ်ဒြပ်တွေကို ဆိုလိုပါတယ်။အလုပ်၀ယ်ယူသူများအတွက်တော့ အလုပ်အဆင့်အတန်း၊ အလုပ်တာ၀န်၊ လုပ်ငန်းဆက်ဆံရေးနဲ့ ဆက်သွယ်ရတဲ့လိပ်စာတွေပါပဲ။
?ပြီးတော့...စိတ်ပိုင်းဆိုင်ရာဖော်ပြတဲ့ သတင်းတွေလည်း လိုအပ်မယ်ထင်ပါတယ်။ အဲဒီထဲမှာ ဖောက်သည်တွေရဲ့ စွမ်းဆောင်ချက်၊ စိတ်၀င်စားမှုနဲ့ ထင်မြင်ယူဆချက်တွေပါ၀င်သလို သူတို့ဘယ်လိုတွေးတယ်၊ ဆုံးဖြတ်ချက်ချတယ်၊ တစ်ခြားလူတွေအပေါ်လည်း ဘယ်လိုဩဇာညောင်းတယ်ဆိုတာတွေလည်း သိထားသင့်ပါတယ်။
#PhilipKotler
#marketingInsizesfromAtoZ
#marketingsharing