Database Marketing
(အချက်အလက် အခြေခံ ဈေးကွက်ဖွင့်ခြင်း)
Marketing Professor PHILIP KOLTER
Marketing insights from A to Z ?
#ဘာသာပြန်ဆရာညီညီနိုင် ✍?
အပိုင်း - ၂
ဒုတိယစိန်ခေါ်မှုကတော့ အပိုင်း - ၁ မှာပြောခဲ့တဲ့ သတင်းအချက်အလက်တွေကို ရရှိဖို့ပါပဲ။ ကိုယ့်ရဲ့အရောင်းသမားတွေကို သူတို့သွားရောင်းပြီးခဲ့တဲ့နောက် အသုံး၀င်မဲ့သတင်းတွေကိုစုစည်းပြီး ဖောက်သည်ရဲ့ဖိုင်ထဲထည့်သွင်းပေးဖို့ လေ့ကျင့်ခိုင်းရပါမယ်။ ကိုယ့်ရဲ့ဖုန်းနဲ့ရောင်း၀ယ်တဲ့ ဌာနကလူတွေက ၀ယ်သူတွေကိုနောက်ဆက်တွဲစုံစမ်းမေးမြန်းလို့ဖြစ်စေ (ဒါမှမဟုတ်) အရောင်းကိုယ်စားလှယ်တွေရဲ့ အကြွေးအတက်အကျကို ကြည့်လိုဖြစ်စေလည်း မှတ်စုထုတ်နိုင်ပါတယ်။
တတိယစိန်ခေါ်မှုကတော့ ဒီသတင်းတွေကို လိုအပ်သလို ပြုပြင်ဖို့နဲ့ သတင်းတွေ 'သစ်' နေဖို့ပါပဲ။ ဖောက်သည်အခြေခံတဲ့ အချက်အလက်တွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ဟာ နှစ်ကုန်တာနဲ့ သုံးမရတော့တာမျိုး ကြုံရတတ်ပါတယ်။သတင်းတွေ နေ့စဉ်သစ်လွင်နေဖို့ ဖုန်းနဲ့ရောင်း၀ယ်တဲ့သူတွေစီက အစီရင်ခံဖို့ လိုအပ်ပါလိမ့်မယ်။
စတုတ္ထ စိန်ခေါ်မှုကတော့ သတင်းကို အသုံးပြုဖို့ပဲဖြစ်ပါတယ်။ ကုမ္ပဏီအများအပြားဟာ သူတို့လက်ထဲက သတင်းတွေကို အသုံးမပြုမိကြပါဘူး။ စူပါမားကတ်ကြီးတွေနဲ့ သူတို့ရဲ့လက်စွဲကုန်တိုက်ကြီးတွေက ဖောက်သည်တွေရဲ့ ၀ယ်ယူမှုအချက်အလက်တွေဟာ တောင်လိုပုံပေမယ့် တစ်ဦးချင်းကို ရောင်း၀ယ်ရာမှာ အသုံးမချကြတာပဲဖြစ်ပါတယ်။
ဘဏ်တွေမှာ အချီကြီးအရောင်းအ၀ယ်ဖြစ်သွားတဲ့ သတင်းဟာလည်း များသောအားဖြင့် ဆမ်းစစ် သုံးသပ်လေ့လာမှုမရှိဘဲ ပျောက်ပြယ်သွားကြရတာပါ။ ဒီတော့...အနည်းဆုံးအားဖြင့် အဲဒီကုမ္ပဏီတွေဟာ ဒေတာအချက်အလက်တွေ တူဖော်ကျွမ်းကျင်တဲ့ လူတစ်ယောက်လောက် ခန့်ထားသင့်ပြီလို့ပြောချင်ပါတယ်။ အဲဒီဒေတာတွေကို
ဖော်ထုတ်သူကလည်း ခေတ်ရှေ့ပြေးနည်းပညာတွေသုံးပြီး စိတ်ဝင်စားဖို့ကောင်းတဲ့လမ်း ကြောင်းတွေ၊ ကဏ္ဍတွေ၊ အခွင့်အလမ်းတွေကို ခြေရာခံထောက်လှမ်းနိုင်ပါတယ်။
ဒီအကျိုးတရားတွေရှိပါလျက်နဲ့ ကုမ္ပဏီတွေက
ဒေတာအချက်တွေအခြေခံတဲ့ စျေးကွက်လုပ်ငန်းကိုဘာကြောင့် မသုံးကြတာလဲ။ အဖြေကတော့ပိုက်ဆံတွေကုန်ရလို့ပါပဲ။ Peppers & Rogers Group က အတိုင်ပင်ခံ ပုဂ္ဂိုလ် Martha Rogers ကတော့အကုန်ကျစရိတ်များတာကို မငြင်းပါဘူး။
ဒါဟာတစ်သတ်မှာတစ်ကြိမ်ရောင်းရမဲ့ grand piano ထုတ်လုပ်တဲ့ ကုမ္ပဏီမျိုးအတွက် မဟုတ်တာတော့ရှင်းပါတယ်။ Wrigley လိုသန်းနဲ့ချီရှိတဲ့ ပီကေဝါးသူတွေကို တစ်ဦးချင်းသတင်းလိုက်စုစရာတော့ဘယ်လိုပါ့မလဲ။ ကုမ္ပဏီအငယ်စားလေးတွေအဖို့လည်း လုပ်စရာမလိုတာ အမှန်ပါ။
ဘာပဲပြောပြောာ ဘဏ်တွေ၊ တယ်လီဖုန်း ကုမ္ပဏီတွေ၊ လုပ်ငန်းသုံးစက်ကိရိယာတွေထုတ်လုပ်တဲ့ စက်ရုံတွေအဖို့တော့ သတင်းတွေပုံမှန်အတိုင်း စုဆောင်းရမှာပဲဖြစ်ပါတယ်။ ဒီလိုအချက်အလက်အခြေခံတဲ့ ဈေးကွက်ဖော်ဆောင်ရေးကို စွမ်းစွမ်းတမံလုပ်တဲ့ ကုမ္ပဏီကတော့ ပြိုင်ဆိုင်မှုမှာ ခေါင်းဆောင်နေရာကို အခိုင်အမာရဖို့ သေချာပါတယ်။
အချက်အလက်အခြေခံတဲ့ ဈေးကွက်ဖော်လုပ်ငန်ကို ခြိမ်းခြောက်မှုကြီးထွားလာတာတစ်ခုကတော့ နဂိုကတည်းက ပဋိပက္ခ အသွင်ဆောင်တဲ့ ဖောက်သည်နဲ့ ကုမ္ပဏီတွေရဲ့ စိတ်၀င်စားမှုချင်း ဆန့်ကျင်နေမှုပါပဲ။
ဖောက်သည်တွေလိုလားချက်
1. ကျုပ်တို့ဆီက ကိုယ်ရေးကိုယ်တာသတင်းတွေ နှိုက်နှိုက်ချွတ်ချွတ်ရသွားတာမကြိုက်ဘူး။
2. ကုမ္ပဏီအချို့ကို ကျုပ်တို့အကြိုက်ကိုပြောချင်ပြောမယ်။
3. အချိန်ကာလအလျောက်သာ သက်ဆိုင်တဲ့သတင်းပေးပို့ချက်နဲ့ ကြားလူတွေက်ုလွှတ်ပေးစေချင်တယ်။
4. ကုမ္ပဏီတွေကို ဖုန်း (သို့) message နဲ့ အလွယ်တကူဆက်သွယ်ချင်ပြီး ချက်ချင်းတုံ့ပြန်တာလိုချင်တယ်။
ကုမ္ပဏီများရဲ့ လိုလားချက်
1. ဖောက်သည်တစ်ဦးချင်းအကြောင်းနဲ့ ရှေ့အလားအလာတွေကို အတော်များများသိချင်တယ်။
2. ဖောက်သည်တွေကို နည်းအမျိုးမျိုးနဲ့ ဖြားယောင်းသွေးဆောင်ရတာကြိုက်တယ်။
3. သူတို့ဆီ ငွေကုန်ကျေးကျခံရသလောက် ထိရောက်ထက်မြတ်တဲ့နည်းနဲ့ ချဉ်းကပ်ရတာနှစ်သက်တယ်။
4. ဖုန်းရိတ်အကုန်ခံပြီး ပြောရတာတွေ လျှော့ချင်တယ်။
ခက်တာက ကုမ္ပဏီတွေဘက်က ပိုကောင်းတာတွေ လုပ်ပေးချင်လို့ သူ့ဖောက်သည်တွေအကြောင်းကို သိဖို့ကြိုးစားတာကို ဖောက်သည်တွေက သူတို့ရဲ့အတွင်းရေးတွေကို လာနှိုက်ပြီးစပ်စုတယ်လို့ မြင်ကြတာပါပဲ။
ပိုဆိုးတာက ကုမ္ပဏီတွေဆီက စာတွေ၊ တယ်လီဖုန်းခေါ်ဆိုမှုတွေ၊ အီးမေးလ်တွေ သဘ်ောတစ်စီးတိုက်မက ရောက်နေတာဖြစ်ပါတယ်။
ဒီတော့ ပုဂ္ဂုလ်အတွင်းရေးတွေကို ဘယ်လောက်အထိသာသိသင့်တယ်၊ ဘယ်အထိကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတာကလည်း ဥပဒေကိစ္စဖြစ်သွားပါပြီ။
အဖြေတစ်ခုအနေနဲ့ကတော့ ကုမ္ပဏီတွေဟာ Seth Godin လုပ်သလို သဘောတူခွင့်ပျြချက်ရတဲ့ ဈေးကွက်မျိုးဖြစ်သင့်တယ် ဆိုတာပါပဲ။
ဒီတော့ ကိုယ့်ဖောက်သည်တွေကို သူတို့စိတ်ပါလက်ပါနဲ့ ဘယ်လိုသတင်းမျိုးပေးချင်သလဲ၊ ဘယ်လိုသတင်းပေးတာမျိုးလက်ခံမလဲ၊ ဘယ်မီဒီယာမျိုးနဲ့ ဆက်သွယ်တာ ပိုကြိုက်သလဲမေးဖို့ပဲရှိပါတော့တယ်။
#PhilipKotler
#marketingInsizesfromAtoZ
#marketingsharing