Select a date and time slot to book an Appointment
Date Of Appointment
မြန်မာ့စီးပွားရေးလုပ်ငန်းများ အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရန် “အုပ်ချုပ်မှုစနစ်ကောင်းများ ဆိုင်ရာ လမ်းညွှန်”။
Myanmar Centre for Responsible Business
ဒီဇင္ဘာ 12, 2016
“အုပ်ချုပ်မှုစနစ်ကောင်းများ ဆိုင်ရာလမ်းညွှန်” သည် ဖြစ်နိုင်ခြေရှိသော အဂတိလိုက်စားမှုများကို လျော့ချရာတွင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲသူများကို အကူညီပေးပါလိမ့်မည်
မြန်မာ့စီးပွားရေးလုပ်ငန်းများ အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရန် အုပ်ချုပ်မှုစနစ်ကောင်းများ ဆိုင်ရာ လမ်းညွှန် ကို ရန်ကုန် တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာ့စီးပွားရေး လုပ်ငန်း များ အတွက် အုပ်ချုပ်မှုစနစ်ကောင်းများ ဆိုင်ရာ လမ်းညွန်၊ အဂတိလိုက်စားမှု ဆန့်ကျင်ရေးနှင့် ကျင့်ဝတ်နှင့် အညီ လုပ်ငန်းဆောင်ရွက်ခြင်း လက်စွဲစာစောင် ကို ဗြိတိသျှ အစိုးရ ၏ ရန်ပုံငွေ အထောက်အပံံ့ ဖြင့် Coffey အတိုင်ပင်ခံလုပ်ငန်း ကုမ္ပဏီမှ ပြုစု ထုတ်ဝေခဲ့ပါသည်။
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန မှ ဝန်ထမ်းများသည် မြန်မာ့စီးပွားရေးလုပ်ငန်းစုများ ပွင့်လင်းမြင်သာမှု( ပွင့်သစ်စ စီမံချက် အစီရင်ခံစာ) Transparency in Myanmar Enterprises/Pwint Thit Sa နှင့် အဂတိလိုက်စားမှု အကြောင်းအရာ နှင့် ပတ်သက်သည့် သင်တန်းများ training on corruption ဆောင်ရွက်ခြင်းမှ တဆင့် ရရှိသည့် အကြံဉာဏ် နှင့် လက်တွေ့ လေ့လာမှုများ ကို အခြေခံကာ Coffey နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
ဗစ်ကီ ဘိုမန် ၊ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦး နှင့် (၂၀၁၆ ပွင့်သစ်စ လေ့လာမှု စစ်တမ်းတွင် ထိပ်ဆုံးနေရာတွင် ရောက်ရှိခဲ့သည့်) Serge Pun Associates (SPA)၊ Yoma Strategic မှ တာဝန်ရှိသူတစ်ဦးတို့ကလည်း ဗြိတိသျှသံအမတ် ၏ နေအိမ် ၌ ပြုလုပ်ခဲ့သည့် စာအုပ်ထုတ်ဝေပွဲတွင် စကားပြောကြားခဲ့သည်။ ကုမ္ပဏီများ၏ အဂတိလိုက်စားမှု တိုက်ဖျက်သည့် ကိစ္စရပ် နှင့် စုပေါင်းဆောင်ရွက်မှု တို့နှင့်ပတ်သက်ပြီး ၄င်းတို့ဆောင်ရွက်ပုံကို အတွင်း နှင့် ပြင်ပ ကပါ သိရှိအောင် ပြောဆိုဆက်သွယ်မှု အရေးပါပုံကို ဗစ်ကီ က မီးမောင်းထိုးပြခဲ့သည်။
ပွင့်သစ်စ စီမံချက်မှာ မြန်မာကုမ္ပဏီကြီးများက ၎င်းတို့၏ ဝဘ်ဆိုဒ်ပေါ်တွင် သတင်းအချက်အလက် နှင့် ၎င်းတို့ စီးပွားရေးလုပ်ငန်း ကျင့်ဝတ်အစီအစဉ်များ မည်မျှပွင့်လင်းမြင်သာစွာဖော်ပြထားသည်ဆိုသည့် အချက်ပေါ် မူတည်၍ အဆင့်သတ်မှတ်ခြင်းဖြစ်သည်။ အောင်မြင်မှု ၏ အဓိကအချက်မှာ ကုမ္ပဏီများ အနေဖြင့် အဂတိလိုက်စားမှု နှင့် ထိတွေ့ပါဝင် နေသော ဝန်ထမ်းများ နှင့် အထက်အရာရှိတို့၏ အရေးယူရာတွင် ပံပိုးကူညီမှုများ ကို ကုမ္ပဏီ အတွင်း ပိုင်းတွင် ဆွေးနွေးမှုပြုလုပ်ဆောင်ရွက်ခြင်း ပင် ဖြစ်သည်။
ဗစ်ကီ သည် အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် အသုံဝင်သည့် လက်တွေ့နည်းလမ်းကျသည့် ဥပမာအချို့ကို စုပေါင်းဖြေရှင်းမှု လမ်းညွှန်ချက်တွင် ပါဝင်သည့် အချက်ကို ပြောခဲ့ပါသည်။ ဥပမာအားဖြင့် ငွေဆောင်ပာုိတယ်လုပ်ငန်းရှင်များ စုပေါင်းပါဝင်မှုဖြင့် အစိုးရအဖွဲ့ဝင်များ ၏ အကျိုးအကြောင်းဆီလျော်မှု မရှိသော ပာိုတယ် အခမဲ့ ဝန်ဆောင်မှု တောင်းဆိုမှု။ ထိုအရာသည်ပင်လည်း အကျင့်ပျက်ခြစားမှု အဂတိလိုက်စားမှု ပုံသဏ္ဍန်တစ်ရပ် ဖြစ်သည့်အလျောက် ၎င်းကို တွန်းလှန်ရန်အားထုတ်မှုများ နှင့် အခြားသော နိုင်ငံများတွင် အများပြည်သူ နှင့် သက်ဆိုင်သည့် ရောင်းဝယ်မှုများ တွင် ပွင့်လင်းမြင်သာမှု ရှိစေရန် ထားရှိ ထား သောကျင့်ဝတ်သိက္ခာဆိုင်ရာ ကတိကဝတ်များ စသည်တို့ပင်ဖြစ်သည်။ သူမအနေဖြင့် မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းများ ကို အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် တတပ်တအားပါဝင်ရန် ဥပမာအားဖြင့် အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု ၏ အခန်းတစ်ကဏ္ဍအဖြစ် ဒေသတွင်း ဖွဲ့စည်းရန် သို့မဟုတ် အများသူဌာအရင်းအမြစ်ဖြစ်သည့် “ကျွနု်ပ် လာဘ်ပေး ခဲ့သည်” ဆိုသည့် ပုံစံ ကနဦးအစပြုမှုဖြင့် အကျင့်ပျက်ခြစားမှု အဂတိလိုက်စားမှု ဖြစ်ပေါ်နေသည့် နေရာများကို ဖော်ထုတ်သွားရန် ဖြစ်သည်။ ဥပမာ transparencymyanmar.com ဝက်ဆိုဒ်ထားရှိခြင်းမျိုး။
အုပ်ချုပ်မှုစနစ်ကောင်းများဆိုင်ရာ လမ်းညွှန်သည် ပိုင်ရှင်များ နှင့် စီးပွားရေးလုပ်ငန်းများ ၏ မန်နေဂျာများ အတွက် အကူအညီပြုရာ ရောက်ရုံသာမက အဂတိလိုက်စားမှု ၏ ဘေးအန္တရာယ်များ ကို လျော့ချနိုင်မည်ဖြစ်သည်။ ထိုအရာသည် မတူညီ ကွဲပြားခြားနားသော စီးပွားရေးလုပ်ငန်း စုများ အသုံပြုနိုင်ရန် ဖန်တီးထားသော်လည်း အထူးသဖြင့် အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းစုများ အတွက် ပင် ဖြစ်သည်။ လမ်းညွှန်ချက်တွင် စီးပွားရေးလုပ်ငန်းစုများ အနေဖြင့် အဂတိလိုက်စားမှု ကိစ္စရပ်ကို မည်သို့ ဂရုစိုက်သင့်ကြောင်း နှင့် ၎င်းတို့၏ လုပ်ငန်းတွင်း အလေ့အကျင့်များ ကို မည်သို့ တိုးတက်အောင် ပြုလုပ်နိုင်သည် နှင့် အဂတိလိုက်စားမှု ကို မည်သို့အတူတကွ ပူးပေါင်းတိုက်ဖျက်နိုင်သည်များ ကို ရှင်းပြထားပါသည်။ ၎င်းထဲတွင် အစိုးရ နှင့် အရပ်ဘက်အဖွဲ့အစည်းများ အနေဖြင့် အဂတိလိုက်စားမှု ကို ကူညီ တိုက်ဖျက်ရာတွင် နှင့် စီးပွားရေး၏ ပတ်ဝန်းကျင်ကို တိုးတက်အောင် မည်သို့ ဆောင်ရွက်နိုင်သည်များကို ဆွေးနွေးထားသည်။
This site was designed with Websites.co.in - Website Builder
This website was created by a user of Websites.co.in, a free instant website builder. Websites.co.in does NOT endorse, verify, or guarantee the accuracy, safety, or legality of this site's content, products, or services. Always exercise caution—do not share sensitive data or make payments without independent verification. Report suspicious activity by clicking the report abuse below.
We appreciate you contacting us. Our support will get back in touch with you soon!
Have a great day!
Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support