Select a date and time slot to book an Appointment
Date Of Appointment
● ယခင်က ကြေငြာထားခဲ့တဲ့အတိုင်း Facebook Connect Conference 2021 မှာ ကုမ္ပဏီရဲ့ နာမည်အသစ်ကို CEO ဖြစ်သူ Mark Zuckerberg က ပြောပြခဲ့တာဖြစ်ပါတယ်။
● Corporate Name ကိုသာ ပြောင်းလဲတာဖြစ်တဲ့အတွက် ကုမ္ပဏီရဲ့ အဓိက လူမှုကွန်ရက် Application ဖြစ်တဲ့ Facebook ကတော့ ယခင်အတိုင်း Facebook အဖြစ်ရှိနေဆဲပါ။
● ကုမ္ပဏီအနေနဲ့ နိုင်ငံရေးကစလို့ လူမှုရေးရာအထိ ဘက်ပေါင်းစုံမှာ လက်တွေ့ထိခိုက်နစ်နာမှုတွေကို ထိရောက်စွာမတားဆီးနိုင်ဘူး၊ ဈေးကွက်လက်ဝါးကြီးအုပ်မှုတွေလည်းရှိနေတယ် စသဖြင့် အမျိုးမျိုးသော နာမည်ပျက်တွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဒီလို ကုမ္ပဏီနာမည်အပြောင်းအလဲဖြစ်လာတာပါ။
Facebook Connect Conference 2021 မှာ CEO Mark Zuckerberg မှ '' လက်ရှိအထိကုမ္ပဏီကို social media ကုမ္ပဏီအဖြစ်သာ မြင်နေကြတာပါ။ တကယ်တော့ ကျွန်တော်တို့ကုမ္ပဏီက လူတွေကို ချိတ်ဆက်ပေးနိုင်တဲ့နည်းပညာကိုတည်ဆောက်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်'' လို့ ပြောခဲ့ပါတယ်။ ဆက်ပြီးသူက "အခုတော့ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့လုပ်သမျှ၊ ကျွန်တော်တို့ကဘယ်သူတွေလဲဆိုကိုနဲ့ ဘာကိုဆက်လက်ပြီးတည်ဆောက်သွားဖို့ရည်ရွယ်ထားသလဲဆိုတာတွေကို ထင်ဟပ်စေဖို့ ကုမ္ပဏီအမှတ်တံဆိပ်အသစ်တစ်ခုအနေနဲ့ ရပ်တည်သွားဖို့အချိန်ကျပါပြီ" လို့ပြောကာ ကုမ္ပဏီနာမည်အသစ်ဖြစ်တဲ့ Meta ကို ကြေငြာခဲ့တာပဲဖြစ်ပါတယ်။ ကုမ္ပဏီဟာ စတော့အိတ်ချိန်းမှာလည်း MVRS ဆိုတဲ့ stock sticker အသစ်နဲ့ ဒီနှစ် ဒီဇင်ဘာလ တစ်ရက်မှာ စတင်ရှယ်ယာအရောင်းအဝယ်လုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီလိုနာမည်ပြောင်းပြီးတဲ့နောက် ကုမ္ပဏီအနေနဲ့ အရင်လို Facebook လူမှုကွန်ရက်တစ်ခုတည်းကို အဓိကထားတာမဟုတ်ဘဲ Metaverse ကိုရှေ့တန်းတင်လုပ်ကိုင်သွားမှာဖြစ်တယ်လို့လည်း Mark Zuckerberg က ပွဲမှာ ပြောပါတယ်။ Meta ဆိုတဲ့ ဟိုးလ်ဒင်းကုမ္ပဏီရဲ့အောက်မှာ Facebook ၊ WhatsApp ၊ Horizon ၊ Oculus စသဖြင့် အရင်အတိုင်း ကုမ္ပဏီရဲ့ Products တွေက ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။ သဘောကတော့ Alphabet ဆိုတဲ့ ကုမ္ပဏီအောက်မှာ Google ဆက်ရှိနေသလိုပါပဲ။ ဝေဖန်မှုတွေအများကြီးနဲ့ရင်ဆိုင်နေရတဲ့ Facebook အနေနဲ့ အခုလို
ook လူမှုကွန်ရက်တစ်ခုတည်းကို အဓိကထားတာမဟုတ်ဘဲ Metaverse ကိုရှေ့တန်းတင်လုပ်ကိုင်သွားမှာဖြစ်တယ်လို့လည်း Mark Zuckerberg က ပွဲမှာ ပြောပါတယ်။
Meta ဆိုတဲ့ ဟိုးလ်ဒင်းကုမ္ပဏီရဲ့အောက်မှာ Facebook ၊ WhatsApp ၊ Horizon ၊ Oculus စသဖြင့် အရင်အတိုင်း ကုမ္ပဏီရဲ့ Products တွေက ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။ သဘောကတော့ Alphabet ဆိုတဲ့ ကုမ္ပဏီအောက်မှာ Google ဆက်ရှိနေသလိုပါပဲ။
ဝေဖန်မှုတွေအများကြီးနဲ့ရင်ဆိုင်နေရတဲ့ Facebook အနေနဲ့ အခုလို
နာမည်ပြောင်းလဲလိုက်တဲ့အတွက် အာရုံစူးစိုက်မှုတွေကို လမ်းလွှဲလိုက်သလိုဖြစ်သွားပေမယ့် ယခင်ရှိရင်းဆွဲ ပြဿနာများက ပျောက်သွားမှာမဟုတ်ဘဲ ဆက်ဖြေရှင်းနေရဦးမှာပဲလို့ ဝေဖန်သူတွေ၊ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။ ပြီးတော့ ကုမ္ပဏီအသစ် Meta အနေနဲ့ သူ့ရဲ့သွားချင်တဲ့ Metaverse ဆိုတဲ့ Virtual Universe အကြောင်းကိုလည်း အများနားလည်အောင် ဆက်ရှင်းရဦးမှာပါ။
(Metaverse ဆိုတာက စိတ်ကူးယဉ်သိပ္ပံဝတ္ထုစာရေးသူ Neal Stephenson က သူ့စာအုပ်ထဲမှာ စတင်သုံးခဲ့တဲ့အသုံးအနှုန်းဖြစ်ပြီး လက်တွေ့ကမ္ဘာကနေ ထွက်ပေါက်တစ်ခုအဖြစ် လူတွေလွတ်မြောက်နိုင်မယ့် စိတ်ကူးယဉ်ကမ္ဘာဆိုတာပဲဖြစ်ပါတယ်။)
This site was designed with Websites.co.in - Website Builder
This website was created by a user of Websites.co.in, a free instant website builder. Websites.co.in does NOT endorse, verify, or guarantee the accuracy, safety, or legality of this site's content, products, or services. Always exercise caution—do not share sensitive data or make payments without independent verification. Report suspicious activity by clicking the report abuse below.
We appreciate you contacting us. Our support will get back in touch with you soon!
Have a great day!
Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support