Customer (စားသုံးသူ)
ဒီနေ့ဆိုရင် ကျွန်တော်တို့ဟာ စာသုံးသူက ဘုရင်ဖြစ်နေတဲ့ စားသုံးသူစီးပွားရေးလောကထဲကို ရောက်နေကြတာပါ။ ဒါဟာ ကုန်ပစ္စည်းတွေ အလွန်အကျွံ မတရားထုတ်လုပ်ကြတဲ့ ရလဒ်ပါပဲ။ ဒီလိုနဲ့ လိုလာတာက ကုန်ပစ္စည်းတွေမဟုတ်တော့ဘဲ စားသုံးသူတွေ ဖြစ်လာရပါတော့တယ်။
ကုမ္ပဏီတွေအနေနဲ့ ကုန်ပစ္စည်းထုတ်လုပ်ရေးထက် စားသုံးသူအပိုင်ရရေးကို အာရုံစိုက်ဖို့ လေ့လာသင်ယူရပါတော့မယ်။
ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ boss အသစ် အလုပ်ရှင်အစစ်ဟာ စားသုံးသူတွေဆိုတာကို နိုးနိုးကြားကြားနဲ့ သတိရှိရမယ်။ ကိုယ့်လူတွေက စားသုံးသူတွေကို ကောင်းထဲထည့်မစဉ်းစားရင် သူတို့ကလည်းကိုယ့်ကို စဉ်းစားမှာမဟုတ်ပါဘူး။
စားသုံးသူကို တိုက်ရိုက်အကျိုးမပြုနိုင်ဘူးဆိုရင် သူတို့ဘယ်သူ့ကို အကျိုးဆောင်ရအုံးမလဲ။ စဉ်းစားစရာပါပဲ။ ကိုယ်က ကိုယ့်စားသုံးသူကို ဂရုမစိုက်ရင် တစ်ခြား ပြိုင်ဘက်တစ်ယောက်ယောက်က ၀င်လုသွားမှာပေါ့။
ကုမ္ပဏီတွေဟာ စားသုံးသူကို ငွေထုတ်စက်တစ်ခုလို့ မြင်သင့်ပါတယ်။ တစ်ခြားကိုယ်ပိုင်ပစ္စည်းတွေလို ဂရုတစိုက်နဲ့ အစွမ်းကုန်အလေးထားဖို့ လိုပါတယ်။
အမှာစာလုပ်ငန်းလုပ်ပြီး စားသုံးသူဦးစားပေးမှုကို လှိုက်လှိုက်လှဲလှဲ ယုံကြည်လုပ်ဆောင်သူ L.L.Bean ကယခုလိုဆိုထားပါတယ် "စားသုံးသူ (သို့မဟုတ်) ဖောက်သည်တစ်ယောက်ဆိုတာ ကျွန်တော်တို့လုပ်ငန်းရဲ့ အကြောင်းခံအခြေခံအရ အရေးကြီးဆုံး ဧည့်သည်တွေဖြစ်ပါတယ်။ သူက ကျွန်တော်တို့ကို မှိခိုအားထားရတာမဟုတ်ဘဲ ကျွန်တော်တို့ကသာ သူ့ကို အားကိုးအားထားပြုနေရတာပါ။ ကျွန်တော်တို့လုပ်ငန်းမှာ သူဟာ သူစိမ်းမဟုတ်ပါဘူး၊ လုပ်ငန်းရဲ့ အဂ်ါအစိပ်အပိုင်းတစ်ခုပါ။ သူ့ကို အကျိုးဆောင်ပြီး မျက်နှာကောင်းရအောင်လုပ်ရတာ မဟုတ်သလို သူကသာ အဲ့ဒီလိုလုပ်ဖို့ အခွင့်အလမ်းရအောင် မျက်နှာသာပေးခံတာဖြစ်ပါတယ်" ဟုဆိုပါတယ်။
ကုမ္ပဏီတစ်ခုကို စိန်ခေါ်မှုကတော့ သုံးနေကြဖောက်သည်တွေကို ရေရှည်ဆွဲထားဖို့ပဲပေါ့။ ဈေးကွက်မှာ သက်တမ်းရှည်ရှည် ကျင်လည်ရေး ကို မျှော်မှန်းဖို့ လိုအပ်တာနဲ့အမျှ ကုန်ပစ္စည်းသက်တမ်းရှည်ရေးထက် ပိုဂရုစိုက်သင့်ပါတယ်။ Ford ကုမ္ပဏီက လူကြီးတစ်ယောက်က "ကျွန်တော်တို့ကို စားသုံးသူကမမောင်းရင် ဖိုဒ့်ကားဆိုတာလည်း ဆက်ရှိမှာမဟုတ်ဘူး" လို့ပြောခဲ့တဲ့စကားဟာ မှတ်သားလောက်စရာပါပဲ။
နောင်တရစရာကောင်းတာက ကုမ္ပဏီတွေဟာ စားသုံးသူအသစ်တွေကို လိုက်ရှာနေတာနဲ့ပဲ သူတို့ရဲ့ စွမ်းအားတွေကို ဖြုန်းတီးပစ်နေတာဖြစ်ပါတယ်။ ကုမ္ပဏီတွေဟာ ၀င်ငွေ (90) ရာခိုင်နှုန်းကို လက်ရှိစားသုံးသူတွေဆီက ရနေပြီး သူတို့ ဈေးကွက်ဖွင့် ဘတ်ဂျက်ရဲ့ (70) ရာခိုင်နှုန်းကို စားသုံးသူအသစ်တွေကို ဆွဲဆောင်ဖို့ သုံးခဲ့ကြတာတွေ့ရပါတယ်။
စားသုံးသူနဲ့ ပတ်သက်ပြီး အမှန်တကယ် ဘယ်လိုရည်ရွယ်ချက်တွေ ထားသင့်ပါသလဲ။
ဈေးကွက်ဖွင့်မှု ပထမရွှေစည်းမျဉ်းကတော့
ကိုယ့်ကိုရောင်းစေလိုတဲ့ ပုံစံအတိုင်း စားသုံးသူကို ရောင်းပေးပါ။
ဒုတိယ... ကိုယ့်အောင်မြင်မှုဟာ စားသုံးသူတွေကို စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်အောင် လုပ်ပေးနိုင်စွမ်းရှိတဲ့အပေါ်မူတည်နေတယ်ဆိုတာ သတိပြုပါ။ ဒီအတွက် သူတို့ရဲ့ လိုလားချက် လိုအပ်ချက်တွေကို ပိုကောင်းသထက်ကောင်းအောင် ဖြည့်ဆည်းပေးဖို့လိုပါတယ်။
Marketing insights from A to Z
Professor PHILIP KOLTER ✍?
#Marketing
#MarketingSharing
#ဈေးကွက်ရှာဖွေရေးနည်းပညာ
#PhilipKotler